Laravel Myanmar Docs

အကူ Function များ

Arrays

array_add

array_add function သည် အကယ်၍ ပထမ argument array တွင်ထပ်မံပေး လိုက်သော key နှင့် တန်ဖိုး အတွဲ ရှိပြီးသား မဟုတ်ခဲ့ပါက ထို key နှင့် တန်ဖိုးအတွဲအား ထပ်မံပေါင်းထည့်ပေးပါသည်။

$array = array('foo' => 'bar');

$array = array_add($array, 'key', 'value');

array_divide

array_divide function သည် မူလ array အား key များပါဝင်သော array နှင့် တန်ဖိုးများ ပါ ၀င်သော array နှစ်ခု ပါဝင်သော array အဖြစ် return ပြန်ပေးပါသည်။

$array = array('foo' => 'bar');

list($keys, $values) = array_divide($array);

array_dot

array_dot function သည် dimension တစ်ခုထက်ပို၍ ပါဝင်သော array တစ်ခုကို "." သင်္ကေတသုံးရေးနည်းဖြင့် အဆင့်ဆင့်ခေါ်ယူနိုင်သော dimension တစ်ခုတည်း ရှိ array တစ်ခု အဖြစ်ပြောင်းလဲပေးပါသည်။

$array = array('foo' => array('bar' => 'baz'));

ၡ $array = array_dot($array);

// array('foo.bar' => 'baz');

array_except

array_except method သည် ပေးလိုက်သော key နှင့် တန်ဖိုး အတွဲကို ပထမ argument array ထံမှ ဖယ်ရှားပေးပါသည်။

$array = array_except($array, array('keys', 'to', 'remove'));

array_fetch

array_fetch method သည် ပထမ argument array အတွင်းတွင် အဆင့်ဆင့် ညှပ်သုံးထားသော ပေးထားသည့် ဒုတိယ argument နှင့် ကိုက်ညီသည့် nested array element များအား တစ်ဆင့်တည်း flattened လုပ်ထားသော array အဖြစ်ဖြင့် return ပြန်ပေးပါသည်။

$array = array(
    array('developer' => array('name' => 'Taylor')),
    array('developer' => array('name' => 'Dayle')),
);

$array = array_fetch($array, 'developer.name');

// array('Taylor', 'Dayle');

array_first

array_first method သည် ပေးထားသော array အတွင်း မှ ပေးထားသော truth test ကို ပြေလည် စေ မည့် ပထမဆုံး element အား return ပြန်ပေးပါသည်။

$array = array(100, 200, 300);

$value = array_first($array, function($key, $value)
{
    return $value >= 150;
});

default တန်ဖိုးတစ်ခုကို လည်း တတိယ parameter အဖြစ် ထည့်သွင်းပေးနိုင်ပါသည်။

$value = array_first($array, $callback, $default);

array_last

array_last method သည် ပေးထားသော array အတွင်းမှ ပေးထားသော truth test ကို ပြေလည်စေမည့် နောက်ဆုံး element အား return ပြန်ပေးပါသည်။

$array = array(350, 400, 500, 300, 200, 100);

$value = array_last($array, function($key, $value)
{
    return $value > 350;
});

// 500

default တန်ဖိုးတစ်ခုကို လည်း တတိယ parameter အဖြစ် ထည့်သွင်းပေးနိုင်ပါသည်။

$value = array_last($array, $callback, $default);

array_flatten

array_flatten method သည် ပေးထားသော dimension တစ်ခုထက်ပိုသည့် array တစ်ခုကို တစ်ဆင့်တည်း ရှိသော array တစ်ခု အဖြစ် return ပြန်ပေးပါသည်။

$array = array('name' => 'Joe', 'languages' => array('PHP', 'Ruby'));

$array = array_flatten($array);

// array('Joe', 'PHP', 'Ruby');

array_forget

array_forget method သည် အဆင့်ဆင့်နက်နဲစွာ ညှပ်ထားသော deeply nested array တစ်ခုမှ "." သင်္ကေတသုံးရေးနည်းကို အသုံးပြု၍ ရေးထားသော ပေးရင်း key နှင့် တန်ဖိုး အတွဲကို ဖယ်ရှားပေးပါသည်။

$array = array('names' => array('joe' => array('programmer')));

array_forget($array, 'names.joe');

array_get

array_get method သည် အဆင့်ဆင့်နက်နဲစွာ ညှပ်ထားသော deeply nested array တစ်ခုမှ "." သင်္ကေတသုံးရေးနည်းကို အသုံးပြု၍ ရေးထားသော ပေးရင်း key နှင့် တန်ဖိုး အတွဲကို ထုတ်ယူပေးပါသည်။

$array = array('names' => array('joe' => array('programmer')));

$value = array_get($array, 'names.joe');

မှတ်ချက် အကယ်၍ array_get ၏ အလုပ်လုပ်ပုံမျိုး ကို object များတွင် သုံးလိုပါက object_get အားသုံးနိုင်ပါသည်။

array_only

array_only method သည် ပထမ argument array အတွင်းမှ ပေးထားသော key သို့မဟုတ် တန်ဖိုးများ ပါဝင်သည့် အတွဲများကိုသာ return ပြန်ပေးပါသည်။

$array = array('name' => 'Joe', 'age' => 27, 'votes' => 1);

$array = array_only($array, array('name', 'votes'));

array_pluck

array_pluck method သည် ပထမ argument array ထံမှ ပေးထားသော key သို့ မဟုတ် တန်ဖိုး ပါဝင်သည့် အတွဲကိုသာ return ပြန်ပေးပါသည်။

$array = array(array('name' => 'Taylor'), array('name' => 'Dayle'));

$array = array_pluck($array, 'name');

// array('Taylor', 'Dayle');

array_pull

array_pull method သည် ပထမ argument array ထံမှ ပေးထားသော key သို့ မဟုတ် တန်ဖိုးပါဝင်သည့် အတွဲ ကို return ပြန်ပြီး ထို အတွဲအား မူလ array ထံမှလည်း ဖယ်ရှားပေးပါသည်။

$array = array('name' => 'Taylor', 'age' => 27);

$name = array_pull($array, 'name');

array_set

array_set method သည် အဆင့်ဆင့်နက်နဲစွာ ညှပ်ထားသော array တစ်ခုအတွင်းမှ "." သင်္ကေတသုံးရေးနည်းကို အသုံးပြု၍ ရေးထားသော ဒုတိယ argument နှင့်ကိုက်ညီသည့် တန်ဖိုးအား ပြု ပြင်ထည့်သွင်းပေးပါသည်။

$array = array('names' => array('programmer' => 'Joe'));

array_set($array, 'names.editor', 'Taylor');

array_sort

array_sort method သည် ပေးထားသော array အား ပေးထားသော Closure function ၏ ရလဒ်ကို အသုံးပြု ၍ စီပေးပါသည်။

$array = array(
    array('name' => 'Jill'),
    array('name' => 'Barry'),
);

$array = array_values(array_sort($array, function($value)
{
    return $value['name'];
}));

array_where

array_where သည် ပေးထားသော array အား ပေးထားသော Closure function တစ်ခုဖြင့် filter လုပ်ပေးပါသည်။

$array = array(100, '200', 300, '400', 500);

$array = array_where($array, function($key, $value)
{
    return is_string($value);
});

// Array ( [1] => 200 [3] => 400 )

array တစ်ခု၏ ပထမဆုံး element ကို return ပြန်ပေးပါသည်။ PHP 5.3.x တွင် အသုံးပြုနိုင်သော method chaining အတွက် အသုံးဝင်ပါသည်။

$first = head($this->returnsArray('foo'));

last

array တစ်ခု၏ နောက်ဆုံး element ကို return ပြန်ပေးပါသည်။ method chaining အတွက် အသုံးဝင်ပါသည်။

$last = last($this->returnsArray('foo'));

Paths

app_path

app directory၏ path အပြည့်အစုံကို ပေးပါသည်။

$path = app_path();

base_path

application ကို install လုပ်ထားသော root directory ၏ path အပြည့်အစုံကို ပေးပါသည်။

public_path

public directory ၏ path အပြည့်အစုံကို ပေးပါသည်။

storage_path

app/storage directory ၏ path အပြည့်အစုံကို ပေးပါသည်။

Strings

camel_case

ပေးထားသော string အား camelCase ရေးဟန်သို့ ပြောင်းလဲပေးပါသည်။

$camel = camel_case('foo_bar');

// fooBar

class_basename

ပေးထားသော class ၏ အမည်ကို namespace အမည်များ မပါဝင်ပဲ ပေးပါသည်။

$class = class_basename('Foo\Bar\Baz');

// Baz

e

htmlentities function အား ပေးထားသော string ဖြင့် run ပါသည်။ UTF-8 support ပါဝင်ပါသည်။

$entities = e('<html>foo</html>');

ends_with

ပထမ argument တွင် ပေးထားသော string တစ်ခုသည် ပေးထားသော string နှင့် အဆုံးသတ်ခြင်းရှိမရှိ ဆုံးဖြတ်ပေးပါသည်။

$value = ends_with('This is my name', 'name');

snake_case

ပေးထားသော string အား snake_case ရေးဟန် သို့ ပြောင်းလဲပေးပါသည်။

$snake = snake_case('fooBar');

// foo_bar

str_limit

string တစ်ခု အတွင်းရှိ အက္ခရာအရေအတွက်ကို ကန့်သတ်ပေးပါသည်။

str_limit($value, $limit = 100, $end = '...')

ဥပမာ

$value = str_limit('The PHP framework for web artisans.', 7);

// The PHP...

starts_with

ပထမ argument တွင် ပေးထားသော string တစ်ခုသည် ပေးထားသော string နှင့် စတင်ခြင်းရှိမရှိ ဆုံးဖြတ်ပေးပါသည်။

$value = starts_with('This is my name', 'This');

str_contains

ပထမ argument တွင် ပေးထားသော string တွင် ပေးထားသော string ပါဝင်ခြင်းရှိမရှိ ဆုံးဖြတ်ပေးပါသည်။

$value = str_contains('This is my name', 'my');

str_finish

ပထမ argument တွင်ပေးထားသော string ၏ အဆုံးတွင် ပေးထားသော string အားပေါင်းထည့်ပေးပါသည်။

$string = str_finish('this/string', '/');

// this/string/

str_is

ပေးထားသော pattern တစ်ခုသည် ပေးထားသော string နှင့် ကိုက်ညီ မကိုက်ညီ ဆုံးဖြတ်ပေးပါသည်။ ခရေပွင့်အက္ခရာ "*" များအား wildcard အက္ခရာအဖြစ်သုံးနိုင်ပါသည်။

$value = str_is('foo*', 'foobar');

str_plural

ပေးထားသော string တစ်ခုအား English ဘာသာ ဖြင့် အများကိန်း (plural) ပုံစံသို့ ပြောင်းလဲပေးပါသည်။

$plural = str_plural('car');

str_random

ပေးထားသော အရေအတွက်အတိုင်း အတိအကျ ရှိသည့် ကျပန်း string တစ်ခုကို ထုတ်ပေးပါသည်။

$string = str_random(40);

str_singular

ပေးထားသော string တစ်ခုအား English ဘာသာ ဖြင့် အနည်းကိန်း (singular) ပုံစံသို့ ပြောင်းလဲပေးပါသည်။

$singular = str_singular('cars');

studly_case

ပေးထားသော string အား StudlyCase ရေးဟန်သို့ ပြောင်းလဲပေးပါသည်။

$value = studly_case('foo_bar');

// FooBar

trans

ပေးထားသော string တစ်ကြောင်းအား ဘာသာပြန်ပေးပါသည်။ Lang::get method ၏ အမည်ပြောင်း method တစ်ခုဖြစ်ပါသည်။

$value = trans('validation.required'):

trans_choice

ပေးထားသော string တစ်ကြောင်းအား ပေးထားသော နံပါတ် အလိုက် ဘာသာပြန် message ကို အသုံးပြု၍ ဘာသာပြန်ပေးပါသည်။ Lang::choice method ၏ အမည်ပြောင်း method တစ်ခုဖြစ်ပါသည်။

$value = trans_choice('foo.bar', $count);

URLs

action

ပေးထားသော controller action တစ်စုံအတွက် URL တစ်ခု ထုတ်ပေးပါသည်။

$url = action('HomeController@getIndex', $params);

route

ပေးထားသော အမည်ရှိ လမ်းကြောင်း တစ်ခုအတွက် URL တစ်ခု ထုတ်ပေးပါသည်။

$url = route('routeName', $params);

asset

ပေးထားသော asset အတွက် URL တစ်ခု ထုတ်ပေးပါသည်။

$url = asset('img/photo.jpg');

ပေးထားသော URL အတွက် HTML link တစ်ခု ထုတ်ပေးပါသည်။

echo link_to('foo/bar', $title, $attributes = array(), $secure = null);

ပေးထားသော asset အတွက် HTML link တစ်ခု ထုတ်ပေးပါသည်။

echo link_to_asset('foo/bar.zip', $title, $attributes = array(), $secure = null);

ပေးထားသော လမ်းကြောင်း တစ်ခု အတွက် HTML link တစ်ခု ထုတ်ပေးပါသည်။

echo link_to_route('route.name', $title, $parameters = array(), $attributes = array());

ပေးထားသော controller action တစ်စုံအတွက် HTML link တစ်ခု ထုတ်ပေးပါသည်။

echo link_to_action('HomeController@getIndex', $title, $parameters = array(), $attributes = array());

secure_asset

ပေးထားသော asset အတွက် HTTPS သုံးထားသော HTML link တစ်ခု ထုတ်ပေးပါသည်။

echo secure_asset('foo/bar.zip', $title, $attributes = array());

secure_url

ပေးထားသော path တစ်ခု အတွက် URL အပြည့်အစုံ တစ်ခု ထုတ်ပေးပါသည်။

echo secure_url('foo/bar', $parameters = array());

url

ပေးထားသော path တစ်ခု အတွက် URL အပြည့်အစုံ ထုတ်ပေးပါသည်။

echo url('foo/bar', $parameters = array(), $secure = null);

Miscellaneous

csrf_token

လက်ရှိ CSRF token တန်ဖိုးကို ပေးပါသည်။

$token = csrf_token();

dd

ပေးထားသော variable ကို dump လုပ်၍ script execution ကို ရပ်စေပါသည်။

dd($value);

value

ပေးထားသော တန်ဖိုးသည် Closure တစ်ခု ဖြစ်ပါက Closure မှတစ်ဆင့် return ပြန်လာသော value ကို return ပြန်ပေး၍ Closure မဟုတ်ပါက တန်ဖိုးအတိုင်း return ပြန်ပေးပါသည်။

$value = value(function() { return 'bar'; });

with

ပေးထားသော object ကို return ပြန်ပေးပါသည်။ PHP 5.3.x တွင် method chaining constructor များ အတွက် အသုံးဝင်ပါသည်။

$value = with(new Foo)->doWork();