Laravel Myanmar Docs

Redis

အစပျိုး

Redis သည် open source advanced key-value store တစ်ခုဖြစ်သည်။ ၄င်းသည် keys များတွင် strings, hashes, lists, sets, and sorted sets ပါဝင်သောကြောင့် ရံဖန်ရံခါ data structure server ဟု သတ်မှတ်ခြင်း ခံရသည်။

Note: သင့်တွင် Redis PHP extension ကို PECL မှ တဆင့် သွင်းပြီးပါက Redis အတွက် အတိုကောက် အမည်ကို app/config/app.php ကြေညာပေးရမည်။

Configuration

Application အတွက် Redis configuration မှာ app/config/database.php အမည်ရှိ file ထဲတွင် တည်ရှိမည် ဖြစ်ပြီး ထို file ထဲတွင် redis အမည်ရှိ array ကို application မှ အသုံးပြုမည် ဖြစ်သည်။

'redis' => array(

    'cluster' => true,

    'default' => array('host' => '127.0.0.1', 'port' => 6379),

),

default server configuration မှာ development အတွက် ဦးတည်ထားသော်လည်း မိမိတို့ စိတ်ကြိုက် ထို array ကိုပြောင်းလဲ သတ်မှတ်နိုင်သည်။ ထို Redis server ၏ name ၊ host နှင့် Server မှ အသုံးပြုသည့် port ကို ကြေညာပေးရန်လိုပေမည်။

Laravel Redis client ကို cluster option မှ Redis nodes များ အကြား client-side sharding ပြုလုပ်ရန် ညွန်ကြားခြင်းဖြင့် Nodes များမှ data ဆွဲယူပြီး RAM အတွက် နေရာလွတ်များ ဖန်တီးနိုင်မည် ဖြစ်သည်။ သို့ သော် client-side sharding သည် failover ကို ကိုင်တွယ်နိုင်ခြင်း မရှိပေ။ ထိုကြောင့် Primary data store များ ရရှိနိုသည့် အခြေအနေတွင် cache data များ ထုတ်လွတ်ပေးသူ အဖြစ် အသုံးဝင်သည်။

Redis Server အနေဖြင့် စိစစ်ရန်လိုအပ်ပါက Redis Server Configuration array အတွင်း password key / value pair ကို ထည့်သွင်းနိုင်သည်။

အသုံးပြုပုံ

Redis::connection method ကို ခေါ်ယူခြင်းဖြင့် Redis instance ကိုရယူနိုင်သည်။

$redis = Redis::connection();

၎င်းသည် default Redis server ၏ instance ကို ပြန်ပေးမည် ဖြစ်သည်။ Server clustering ကို အသုံးပြုနေသည် မဟုတ်ပါက connection method တွင် မိမိတို့  အသုံးပြုနေသည့် server ၏ အမည်ကို configuration တွင် ထည့်သွင်းပေးရန် လိုအပ်ပေမည်။

$redis = Redis::connection('other');

Redis ၏ instance ကို ရရှိသည်နှင့် တပြိုင်နက် Redis commands ကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ Laravel အနေဖြင့် magic methods ကို အသုံးပြုပြီး Redis server သို့  command များကို ပို့ ဆောင်ပေးသည်။

$redis->set('name', 'Taylor');

$name = $redis->get('name');

$values = $redis->lrange('names', 5, 10);

အထက်က ဖော်ပြထားသည့် အတိုင်း Magic method များမှ command များကို passing ပေးသွားသည်ကို တွေ့ ရမည် ဖြစ်သည်။ သို့ သော် သင့်အနေဖြင့် Magic method များကို မသုံးမဖြစ် သုံးရသည် မဟုတ်ပဲ ၊ အသုံးမပြုလိုပါက command method ကို အစားထိုး အသုံးပြုနိုင်သည်။

$values = $redis->command('lrange', array(5, 10));

default connection မှ ဆန့် ကျင်ပြီး command များ အသုံးပြုလိုပါက Redis class မှ static magic method များကို အသုံးပြုနိုင်သည်။

Redis::set('name', 'Taylor');

$name = Redis::get('name');

$values = Redis::lrange('names', 5, 10);

Note: Laravel တွင် Redis cache နှင့် session drivers များ ပါဝင်ပြီး ဖြစ်သည်။

Pipelining

Operation တစ်ခုအတွက် Command များစွာ ကို ပို့ လွတ်ရန် လိုအပ်ပါက Pipelining ကို အသုံးပြုရသည်။ ထို သို့  ပြုလုပ်ရန် pipeline ကို အသုံးပြုရမည်။

Server သို့  Command များကို Piping ပြုလုပ်ခြင်း

Redis::pipeline(function($pipe)
{
    for ($i = 0; $i < 1000; $i++)
    {
        $pipe->set("key:$i", $i);
    }
});