Laravel Myanmar Docs

Migrations & Seeding

အစပျိုး

Migration မှာ Database အတွက် Version Control ပြုလုပ်နိုင်ရန် ဖန်တီးထားသည်။ ၄င်းကို အသုံးပြုခြင်းဖြင့် database schema များကို အလွယ်တကူ ပြင်ဆင်နိုင်ပြီး team တစ်ခုလုံး တူညီသည့် database schema ကို အသုံးပြုနိုင်ရန် ပံပိုးထားသည်။ Migrations မှာ ပှံမှန်အားဖြင့် Schema Builder ဖြင့် တွဲဖက် အသုံးပြုကြသည်။

Migrations ဖန်တီးခြင်း

migration တစ်ခု ဖန်တီးနိုင်ရန် Artisan CLI တွင် migrate:make ဟူသည် command ကို အသုံးပြုနိုင်သည်။

php artisan migrate:make create_users_table

Migration file များသည် app/database/migrations ဆိုသည့် folder တွင်တည်ရှိမည် ဖြစ်ပြီး Migrations များကို အစဉ်အတိုင်း စီရီထားမည့် timestamp ဖြင့် သတ်မှတ်ထားမည် ဖြစ်သည်။

Migration တစ်ခု ဖန်တီးနေစဉ် --path ဟု attribute ကို အသုံးပြုနိုင်သည်။ အဆိုပါ path မှာ သင် install လုပ်ထားသော root directory မှ အလိုအလျောက် သိရှိမည် ဖြစ်ပါသည်။

php artisan migrate:make foo --path=app/migrations

--table နှင့် --create options များကို အသုံးပြု၍ table အမည်ကို သတ်မှတ်ခြင်း ၊ table အသစ်ကို ဖန်တီးခြင်း များ ပြုလုပ်နိုင်ပါမည်။

php artisan migrate:make add_votes_to_user_table --table=users

php artisan migrate:make create_users_table --create=users

Migrations ပြုလုပ်ခြင်း

Migration ကို အပြည့်အဝ ပြုလုပ်ခြင်း

php artisan migrate

Path လမ်းကြောင်းတစ်ခုတွင်သာ Migration ပြုလုပ်ခြင်း

php artisan migrate --path=app/foo/migrations

Package တစ်ခုအတွက် Migration ပြုလုပ်ခြင်း

php artisan migrate --package=vendor/package

သတိပြုရန်: migrations run နေစဉ် "class not found" ဟု error တွေ့ ရှိပါက composer dump-autoload ဆိုသည့် command ကို run ကြည့်ပါ။

Production တွင် Migration ပြုလုပ်ခြင်း

အချို့ သော migration operations များမှာ အန္တာရယ်များလှပေသည်။ တနည်းအားဖြင့် သင့်၏ အချက်အလက်များကို စက္ကန့် ပိုင်းအတွင် ဆုံးရှုံးသွားစေနိုင်သည်။ အဆိုပါ အန္တာရယ်မှ ကာကွယ်နိုင်ရန် production အခြေအနေတွင် migration ပြုလုပ်ရန် confirmation တောင်းခံပါသည်။ ထိုတောင်းခံမှုကို ကျော်လွှားလိုပါက --force flag ကို အသုံးပြုနိုင်သည်။

php artisan migrate --force

Rolling Back Migrations

Migrations နောက်ပြန်ခြင်း

php artisan migrate:rollback

Migrations ပထမဆုံး အခြေအနေသို့  နောက်ပြန်ခြင်း

php artisan migrate:reset

အစမှ အဆုံး နောက်ပြန်ပြီးနောက် တဖန် Migration ပြုလုပ်ခြင်း

php artisan migrate:refresh

php artisan migrate:refresh --seed

Database Seeding

Laravel အနေဖြင့် database ကို အလွယ်တကူ seed ပြုလုပ်နိုင်ရင် seed classes များပါရှိပါသည်။ Seed class များမှာ app/database/seeds တွင်တည်ရှိမည် ဖြစ်သည်။ Seed class များကို အလိုရှိသလို အမည်ပေးနိုင်သော်လည်း အဓိပ္ပါယ်ရှိသော နာမည်မျိုး ဥပမာ UserTableSeeder စသဖြင့်သာ ပေးသင့်သည်။ ပုံမှန်အားဖြင့် DatabaseSeeder class မှာ ဖန်တီးပေးထားသည်။ ထို class မှ သင့်အနေဖြင့် call method ကို အသုံးပြုကာ အစီအစဉ်အလိုက် အခြားသော seed classes များကို run နိုင်သည်။

Example Database Seed Class

class DatabaseSeeder extends Seeder {

    public function run()
    {
        $this->call('UserTableSeeder');

        $this->command->info('User table seeded!');
    }

}

class UserTableSeeder extends Seeder {

    public function run()
    {
        DB::table('users')->delete();

        User::create(array('email' => '[email protected]'));
    }

}

Database ကို seed ပြုလုပ်ရန် Artisan CLI မှ db:seed command ကို အသုံးပြုနိုင်သည်။

php artisan db:seed

ပုံမှန်အားဖြင့် db:seed command မှာ DatabaseSeeder class ကို run မည်ဖြစ်ပြီး ထိုမှတဆင့် အခြား seed class များကို ခေါ်ယူမည် ဖြစ်သည်။ သို့ ပင်သော်ညား --class option ကို အသုံးပြုကာ သီးသန့်  seeder class တစ်ခုချင်းစီလည်း run နိုင်ပါသေးသည်။

php artisan db:seed --class=UserTableSeeder

ထိုအပြင် migrate:refresh ကိုအသုံးပြုကာ, rollback ပြုလုပ်ပြီး migrations ကို အစမှ တဖန်ပြန်၍ run ခြင်းကိုလည်း ပြုလုပ်နိုင်မည် ဖြစ်သည်။

php artisan migrate:refresh --seed