Laravel Myanmar Docs

Laravel Quickstart

Installation

Laravel Installer ကို အသုံးပြုခြင်း

ရှေးဦးစွာ Laravel installer PHAR archive ကို ဒေါင်းပါ။ အဆင်ပြေစေရန်အတွက် ထို file ကို laravel ဟု အမည်ပေးပြီး /usr/local/bin ထဲသို့ ပြောင်းရွေ့ လိုက်ပါ။ ထိုနောက် laravel new command ဖြင့် သင်ထားရှိထားသော directory ပေါ်တွင် laravel installation အလိုအလျောက် ပြလုပ်သွားမည် ဖြစ်သည်။ ဥပမာ laravel new blog ဆိုသည့် command ကိုအသုံးပြပါက blog အမည်ရှိ folder တစ်ခုကို တည်ဆောက်ပေးပြီး လိုအပ်သည့် package များကိုပါ တခါတည်း ဒေါင်းလုပ်လုပ်ကာ စုစည်းပေးသွားမည် ဖြစ်သည်။ ၄င်းသို့  install ပြုလုပ်ခြင်းသည် Composer မှ install လုပ်ခြင်းထက် ပို၍ လျင်မြန်ပါလိမ့်မည်။

Composer ကို အသုံးပြုခြင်း

Laravel framework ကို Composer မှလည်း installation နှင့် လိုအပ်သည့် package များကို ထည့်သွင်းနိုင်သည်။ Composer မသွင်းရသေးပါက Composer ထည့်သွင်းခြင်းနည်းလမ်း ကိုကြည့်၍ ထည့်သွင်းနိုင်ပါသည်။

ထိုနောက် သင့်အနေဖြင့် terminal မှ အောက်ပါ command ကို ရိုက်သွင်းခြင်းဖြင့် Laravel ကို install ပြုလုပ်နိုင်မည် ဖြစ်သည်။

composer create-project laravel/laravel your-project-name --prefer-dist

၎င်း command မှ laravel အသစ်စက်စက် ကို သင့်your-project-name folder အတွင်းတွင် တည်ရှိနေမည်ကို တွေ့ ရပါမည်။

ထိုတင်မက သင့် အနေဖြင့် Laravel repository from Github မှ ဒေါင်းလော့ ပြုလုပ်ပြီး directory ထဲတွင် composer install run ၍လည်း install ပြုလုပ်နိုင်ပါသည်။ ထို command မှ framework တွင် လိုအပ်သော package များကို အလိုအလျောက် download ပြုလုပ်ပြီး install သွားမည် ဖြစ်သည်။

Permissions

Laravel ကို install ပြုလုပ်ပြီးပါက သင့်အနေဖြင့် web server ၏ write permission ဖြင့်ပတ်သတ်၍ app/storage ထဲတွင် ပြင်ဆင်ရန် လိုအပ်ကောင်း လိုအပ်ပေမည်။ အသေးစိတ် အချက်အလက်ကို Installation တွင် ကြည့်ရှုနိုင်ပါသည်။

Serving Laravel

အကြမ်းအားဖြင့် Apache သို့ မဟုတ် Nginx ပေါ်တွင် laravel application ကို တင်ထားနိုင်သည်။ သင့် အသုံးပြုသော PHP version မှာ 5.4 အထက်ဖြစ်ပြီး PHP တွင်ပါဝင်သော default server ကို အသုံးပြုလိုပါက သင့်အနေဖြင့် Artisan command ဖြစ်သည့် serve ကို အသုံးပြုနိုင်သည်။

php artisan serve

Directory Structure

Framework ကို install ပြုလုပ်ပြီးနောက် သင့် အနေဖြင့် directory structure ဖြင့် ရင်းနှီးနေရန် လိုပေမည်။ app directory ထဲတွင် views, controllers, and models အစရှိသည့် folder များ တည်ရှိနေသည်ကို တွေ့  ရမည် ဖြစ်သည်။ သင့် application ၏ code များကို ထိုထဲတွင် ရေးသားရမည် ဖြစ်သည်။ သင့်အနေဖြင့် လိုအပ်မည့် configuration နှင့် ပတ်သတ်၍ app/config အမည်ရှိ directory ထဲတွင်ကြည့်ရှုရမည် ဖြစ်သည်။

Routing

ရှေးဦးစွာ Route တစ်ခုကို တည်ဆောက်ကြပါစို့ ။ Laravel တွင် အရိုးရှင်းဆုံး route မှာ route to Closure ဖြစ်သည်။ app/routes.php ကိုဖွင့်ပြီး အောက်ပါ code ကိုထည့်သွင်းကြည့်ပါ။

Route::get('users', function()
{
    return 'Users!';
});

ထိုနောက် web browser ပေါ်တွင် /users ဟူသော route ဖြင့် စမ်းကြည့်ပါက သင့်အနေဖြင့် Users! တုံ့ ပြန်သည်ကို မြင်တွေ့ ရမည် ဖြစ်သည်။ ကောင်းလေစွ! သင့်အနေဖြင့် ပထမဦးစွာ route တစ်ခုကို ဖန်တီးလိုက်ပြီ ဖြစ်သည်။

Route များမှာ controller များနှင့်လည်း ချိတ်ဆက် အလုပ်လုပ်နိုင်သည်။ ဥပမာ

Route::get('users', 'UserController@getIndex');

အဆိုပါ route တွင် /users ဟုခေါ်ယူလိုက်ပါက UserController class အတွင်းရှိ getIndex method ကို အလုပ်လုပ်မည် ဖြစ်သည်။ Controller routing နှင့် ပတ်သတ်၍ အသေးစိတ်ကို controller documentation တွင်ကြည့်ရှုနိုင်သည်။

View တစ်ခု တည်ဆောက်ခြင်း

ထိုနောက် user data များကို ဖော်ပြရန် ရိုးရှင်းသည့် view တစ်ခုကို တည်ဆောက်ရန် လိုပေမည်။ view file များသည် app/views directory ထဲတွင် တည်ရှိမည် ဖြစ်သည်။ View တွင် သင့် application တွင် ဖော်ပြလိုသည့် HTML ဖြင့် ဖော်ပြသွားမည် ဖြစ်သည်။ layout.blade.php နှင့် users.blade.php ဟု၍ file နှစ်ခုကို တည်ဆောက်လိုက်ပါ။ layout.blade.php ဟုသည့် file တွင် အောက်ပါ အတိုင်း ရေးသားလိုက်ပါ။

<html>
    <body>
        <h1>Laravel Quickstart</h1>

        @yield('content')
    </body>
</html>

ထိုနောက် users.blade.php ဟုသော view တစ်ခုကို တည်ဆောက် လတ္တံ့ ။

@extends('layout')

@section('content')
    Users!
@stop

တချို့ သော syntax များမှ သင့်အတွက် နည်းနည်း စိမ်းနေမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခု အသုံးပြုထားသည်မှာ Laravel ၏ templating system ဖြစ်သည့် Blade ကို အသုံးပြုထားခြင်း ကြောင့် ဖြစ်သည်။ Blade သည် အလွန်မြန်ဆန် လှပေသည်။ အကြောင်းမှာ ရိုးရှင်းလွယ်ကူ regular expression များကို အသုံးပြုကာ PHP အဖြစ်သို့  compile ပြုလုပ်ထားခြင်းကြောင့်ဖြစ်သည်။ Blade အနေဖြင့် အလွန်တရာ စွမ်းအင်ကြီးမားလှသော template inheritance ကဲ့သို့ သော feature များကို support ပေးရုံသာမက PHP တွင် ရေးသားနိုင်သည့် if နှင့် for သို့ သော Conditional statement များကိုပါ သေသပ်လှပစွာ ရေးသားနိုင်သောကြောင့်ဖြစ်သည်။ အသေးစိတ်ကို Blade documentation ကြည့်ရှုနိုင်ပေမည်။

ယခု ကျွန်တော်တို့  views အပိုင်းကို ဖန်တီးပြီး ဖြစ်၍ /users ဟုသော route ဘက်ကို ပြန်လှည့်ကြပါစို့ ။ Route မှ Users! ဟု return ပြန်ခြင်းထက် view ကို ပြန်ပေးဖို့ လိုပေမည်။

Route::get('users', function()
{
    return View::make('users');
});

အံသြဖွယ်ကောင်းလေစွ။ သင့်အနေဖြင့် layout တစ်ခုကို extends ပြုလုပ်ထားသော view တစ်ခုကို တည်ဆောက်ပြီးပေသည်။ ဆက်၍ database layer တွင် ဆက်၍ လှုပ်ရှားကြပါစို့ ။

Migration တစ်ခုဖန်တီးခြင်း

Table တစ်ခုတည်ဆောက်ပြီး data တွေကို handle နိုင်ရန် Laravel migration system ကို အသုံးပြုရန်လိုပေမည်။ Migration အနေဖြင့် သင့် database ၏ modification ကို အလွယ်တကူ သတ်မှတ်နိုင်ပြီး သင့်အဖွဲ့ သားများနှင့် မျှဝေနိုင်ပေမည်။

ရှေးဦးစွာ database နှင့် ချိတ်ဆက်ရန် လိုပေမည်။ database ဖြင့်ချိတ်ဆက်ရန် အတွက် app/config/database.php တွင် ပြင်ဆင်ရန်လိုပေမည်။ ပုံမှန်အားဖြင့် Laravel သည် MySQL ဖြင့် အသုံးပြုရန် သတ်မှတ်ထားသည်။ သင့်အနေဖြင့် လိုအပ်သော credential များကို config file တွင် ဖြည့်သွင်းရန်လိုပေမည်။ သင့်အနေဖြင့် အလိုရှိပါက စိတ်ကြိုက် driver option ကို sqlite ဖြစ်စေပြောင်းလဲနိုင်ပြီ။ ၄င်းအနေဖြင့် app/database directory အောက်တွင် တည်ရှိမည့် SQLite database ကို အလုပ်လုပ်မည် ဖြစ်သည်။

ထိုနောက် migration တစ်ခု ဖန်တီးရန် Artisan CLI ကို အသုံးပြုမည် ဖြစ်သည်။ project ၏ root တွင် အောက်ပါ အတိုင်း terminal မှ run ရန် လိုပေမည်။

php artisan migrate:make create_users_table

ဆက်၍ app/database/migrations တည်ရှိသည့် migration file ကို ရှာရန် လိုပေမည်။ ထိုထဲတွင် up နှင့်downဟူသော method နှစ်ခုပါဝင်မည် ဖြစ်သည်။

up method တွင် database တွင် ပြောင်းလဲချင်သည်များကို ထည့်သွင်းရေးသား၍ down method ပြောင်းပြန်ရေးသားရမည် ဖြစ်သည်။ အောက်ပါအတိုင်း migration ကို တည်ဆောက်လိုက်ပါ။

public function up()
{
    Schema::create('users', function($table)
    {
        $table->increments('id');
        $table->string('email')->unique();
        $table->string('name');
        $table->timestamps();
    });
}

public function down()
{
    Schema::drop('users');
}

ဆက်၍ migrate ပြုလုပ်လိုပါက terminal တွင်migrate ဟုရိုက်ရန်လိုပေမည်။

php artisan migrate

migration တစ်ခုကို rollback (နောက်ပြန်လှည့်) လိုပါက သင့်အနေဖြင့် migrate:rollback ဟူ၍ ရိုက်ရုံသာ ဖြစ်သည်။ ယခု database table ရှိပြီ ဖြစ်၍ data လေးနည်းနည်းဖြင့် စလိုက်ကြပါစို့ ။

Eloquent ORM

Eloquent ORM သည် Laravel ၏ အလှတရား တစ်ရပ်ပင်ဖြစ်သည်။ သင့်အနေဖြင့် Ruby on Rails framework ကို အသုံးပြုဖူးပါက ၄င်းကဲ့သို့  database interaction ပြုလုပ်ရာတွင် ActiveRecord ORM style သုံးထားသာ Eloquent နှင့်ရင်းနှီးနေမည် ဖြစ်သည်။

ပထမဦးဆုံး model တစ်ခုကို သတ်မှတ်ကြပါစို့ ။ Eloquent model တစ်ခုသည် ဆက်စပ်နေသော database table များ၏ query ကိုပါ အသုံးပြုနိုင်သည်။ သိပ်များ နားရှုပ်သွားသလား မသိ။ အခုလာမယ့် အပိုင်းမှာ တဖြည်းဖြည်း နားလည်လာမှာပါ။ Model တွေဟာ app/models ဆိုတဲ့ directory အတွင်းမှာ တည်ရှိပါတယ်။ အဆိုပါ directory ထဲမှာ အောက်ပါအတိုင်း User.php ဆိုတဲ့ model တစ်ခုကို တည်ဆောက်လိုက်ပါ။

class User extends Eloquent {}

သတိပြုရမည်မှာ ကျွန်တော်တို့ အနေဖြင့် Eloquent ကို မည်သည့် table အသုံးပြုရန် မညွန်းဆိုရသေးချေ။ Eloquent တွင် အသုံးပြုနည်း များစွာ ရှိသည့် အနက်တစ်ခုမှာ Model အမည်၏ အများကိန်းမှာ database table အဖြစ် အလိုအလျောက် သိရှိနေမည် ဖြစ်သည်။ အဆင်ပြေလေစွ!

သင့်အနေဖြင့် ကြိုက်သည့် database administration tool ကို အသုံးပြုပြီး users table တွင် row အနည်းငယ် data သွင်းလိုက်ပါ။ ထိုနောက် Eloquent ကို အသုံးပြု၍ data များကို ထုတ်ယူပြီး view သို့ လွဲပြောင်းပေးလိုက်မည်။

ယခု /users route ကို အောက်ပါပုံစံပြောင်းလဲလိုက်ပါ။

Route::get('users', function()
{
    $users = User::all();

    return View::make('users')->with('users', $users);
});

အထက်ပါ route ကိုကြည့်ပါ။ ရှေးဦးစွာ User model မှ all method မှာ users table မှ rows အားလုံးကို ထုတ်ပေးမည် ဖြစ်သည်။ ထိုနောက် ထို record များကို with method အသုံးပြု၍ view သို့  passing ပေးလိုက်ခြင်း ဖြစ်သည်။ ထို with method သည် key နှင့် value အနေဖြင့် data များကို လက်ခံမည် ဖြစ်သည်။ ထိုအခါ view သို့  data များရောက်သွားမည် ဖြစ်သည်။

ကောင်းလေးစွ။ ယခု ကျွန်တော်တို့  user ကို data များ ပြသနိုင်ရန် အဆင်သင့်ဖြစ်ချေပြီ။

Data များ ပြသခြင်း

ယခုအခါ users ကို view တွင် မြင်သာစေရန် ပြုလုပ်ပြီးပြီဖြစ်သည်။ ကျွန်တော်တို့  အောက်ပါ အတိုင်း ပြသနိုင်လေပြီ။

@extends('layout')

@section('content')
    @foreach($users as $user)
        <p>{{ $user->name }}</p>
    @endforeach
@stop

သင့်အနေဖြင့် echo statements ကိုရှာနေလား မသိ။ Blade ကို အသုံးပြုရာတွင် data များကို တွန့် ကွင်း နှစ်ခု အကြား ထည့်သွင်းခြင်းဖြင့် data များကို echo အစား ပြသပေးနိုင်သည်။ ဘယ်လောက်များ လွယ်ကူပေသလဲ။ ယခုအခါ သင့်အနေဖြင့် /users route ကို လှမ်းခေါ်လိုက်ခြင်းဖြင့် သင့် users များကို ပြသနိုင်လေပြီ။

အထက်ပါ ဥပမာဟာ အစသာရှိပါသေးသည်။ ထို tutorial တွင် သင့်အနေဖြင့် laravel ၏ အခြေခံကို တွေ့ မြင်နိုင်မည် ဖြစ်သည်။ သို့ သော်လည်း ပိုမို၍ စိတ်လှုပ်ရှားစရာ အချက်များစွာ စီတန်း၍ လေ့လာရန် ကျန်ရှိနေပါသေးသည်။ documentation ကို ဖတ်ရှုခြင်းဖြင့် စွမ်းအားကြီးမားလှသည့် Eloquent နှင့် Blade ကဲ့သို့ သော သို့ မဟုတ် သင့်ပိုစိတ်ဝင်စားနိုင်သည့် Queues နှင့် Unit Testing ကဲ့သို့ သော အကြောင်းအရာများကို လေ့လာနိုင်သည်။ ထပ်၍ သင့် application ၏ architecture ကို သက်တောင့်သက်သာ ဖြစ်စေမည့် IoC Container များလည်း ပါဝင်ပါသေးသည်။ ရွေးချယ်ပါလော့။