Laravel Myanmar Docs

Laravel Framework မိတ်ဆက်

ဘယ်ကနေစမလဲ

Framework အသစ်တစ်ခုကို လေ့လာရတာကိုလန့်နေနိုင်ပါတယ်၊ ဒါပေမယ့် ဒါဟာ ရင်ခုန်ဖို့အရမ်းကောင်းပါတယ်။ သင့်ရဲ့ အကူးအပြောင်းကိုအဆင်ပြေဖို့၊ ကျွန်တော်တို့က ကျစ်လျစ်ပြည့်စုံပြီး အရှင်းဆုံးဖြစ်အောင်ကြိုးပမ်းပြီးတော့ Laravel Documentation ကို ပြုလုပ်ထားပါတယ်။ဒီမှာအရင်ဖတ်သင့်တာတွေကို ဖော်ပြထားပါတယ်:

အပေါ်က Documention Link တွေကိုဖတ်ပြီးပြီဆိုရင် သင့် အနေနဲ့ Laravel ရဲ့ request/response တွေကို ကောင်းကောင်း ကိုယ်တွယ်ဖြေရှင်းနိုင်သင့်ပါတယ်။ နောက်ပြီး သင်အနေနဲ့ Database Configuration / Eloquent ORM ဖတ်ဖို့ဆုတောင်းကောင်းဆုတောင်းနေမယ်လို့ထင်ပါတယ် အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် authentication and security ကိုပေါ့ ဒါမှလူတွေကို သင့်ရဲ့ application ထဲကို sign in ဝင်ခိုင်းလို့ရမှာကိုး။

Laravel သဘောတရား

Laravel က ရိုးရှင်းသပ်ရပ်၊ မဟာဆန်ပြီး လှပနေတဲ့ syntax တွေနဲ့  ရေးသားထားတဲ့ Web Application Framework တစ်ခုဖြစ်ပါတယ်၊ ကျွန်တော်တို့ Development က ပျော်စရာ ကောင်းရမယ် ဆိုတာကိုယုံကြည်ပါတယ်။ ဖန်တီးမှု တွေကိုလည်း စိတ်ချမ်းသာမူ အပြည့်အဝ ပေးမယ်လို့ယုံကြည်ပါတယ်။ Laravel က Web projects တွေရဲ့အဓိကအလုပ်တွေဖြစ်တဲ့ authernication, routing, sessions, နဲ့ caching တွေကို တက်နိုင်သမျှ လျှော့ချဖို့ ကြိုးစားနေပါတယ်။

Laravel ကနားလည်လွယ်တယ်၊ ဟုတ်ပါတယ် powerful လည်းဖြစ်တယ်၊ နောက် ကြီးမားရှုပ်ထွေးတဲ့ Projects တွေအတွက်လည်း အကောင်းဆုံး tools တွေကိုထောက်ပံ့နေပါတယ်။ ထိပ်တန်း ခွဲစိတ်မှူတစ်ခု control container,expressive migration system နဲ့ tightly integrated unit testing support tools တွေကိုသင့်ကိုပေးထားပါတယ် သင် Create လုပ်ချင်တဲ့ Application ကိုသင်စိတ်ကြိုက်လုပ်နိုင်ပါတယ်။