Artisan သည် laravel တွင်အသုံးပြုသည့် command line interface တစ်ခုဖြစ်သည်။ ၄င်းတွင် application develop ပြုလုပ်ရာတွင် အလွန်အသုံးဝင်လှသော commands များစွာပါဝင်သည်။ ၄င်းမှာ Symfony ၏ console component မှဆင်းသက်လာခြင်း ဖြစ်သည်။
Artisan တွင်ပါဝင်သည့် Command အကုန်လုံးကို list အနေဖြင့် ပြသလိုပါက list
ဟုသည့် command ကို အသုံးပြုနိုင်သည်။
php artisan list
Command တိုင်းလိုလို တွင် “help” ဟု အပိုဆောင်း ရိုက်ခြင်း ဖြင့် မိမိတို့  အသုံးပြုမည့် Command တွင် ထည့်သွင်းရမည့် arguments များနှင့် ရွေးချယ်စရာများကို သိရှိနိုင်ပါသည်။
php artisan help migrate
မိမိတို့  အသုံးပြုလိုသည် Configuration Environment ကို —env ဟုသော switch ဖြင့် ရွေးချယ်သတ်မှတ်နိုင်သည်။
php artisan migrate --env=local
မိမိတို့ လက်ရှိအသုံးပြုနေသည့် Laravel version ကို သိရှိလိုပါက —switch ကို အသုံးပြုပြီး သိရှိနိုင်ပါသည်။
php artisan --version