HTTP မှာ Stateless protocol ဖြစ်သောကြောင့် request တစ်ခုနှင့်တစ်ခု ကြားထဲတွင် Session ထဲတွင် အချက်အလက်များကို သိမ်းဆည်းကာ ပို့ ဆောင်ရပေသည်။ Laravel တွင် session ကို နည်းလမ်းမျိုးစုံဖြင့် အသုံးပြုနိုင်ရန် API တစ်ခုကို ဖန်တီးကာ စုစည်းထားသည်။ အခြားသော ကျော်ကြားသည့်
Memcached နှင့် Redis, Session အဖြစ်အသုံးပြုနိုင်သည့် နည်းလမ်းများကို ပံ့ပိုးထားသည်။
Session နှင့်ပတ်သတ်သည့် အချက်အလက်များကို app/config/session.php တွင် လိုအပ်သလို ပြောင်းလဲ ရမည် ဖြစ်သည်။ ပုံမှန်အားဖြင့် application အတော်များများတွင် အဆင်ပြေမည့် file session driver ကို အသုံးပြုထားသည်။
flash ဆက်ရှင်ကီးကို Laravel Farmework အတွင်းပိုင်းတွင်သုံးထားပါသည်၊ ထို့ကြောင့် သင့်အနေနဲ့အဲ့ဒီ့ flash ဆိုတဲ့အမည်နဲ့ session ထဲကို item တစ်ခုမှ မထည့်သင့်ပါ။
Session::put('key', 'value');
Session::push('user.teams', 'developers');
$value = Session::get('key');
$value = Session::get('key', 'default');
$value = Session::get('key', function() { return 'default'; });
$value = Session::pull('key', 'default');
$data = Session::all();
if (Session::has('users'))
{
//
}
Session::forget('key');
Session::flush();
Session::regenerate();
တခါတရံ တစ်ချို့ သော data များကို နောက်ထပ် request တစ်ခါစာသာ သိမ်းဆည်းလိုပေမည်။ ထိုသို့ ပြုလုပ်နိုင်ရန် Session::flash method ကို အသုံးပြုနိုင်သည်။
Session::flash('key', 'value');
Session::reflash();
Session::keep(array('username', 'email'));
database session driver ကို အသုံးပြုပါက Session item များကို သိမ်းဆည်းရန် table တစ်ခု တည်ဆောက်ရန်လိုပေမည်။ အောက်တွင် table အတွက် Schema တည်ဆောက်ပုံကို ဖော်ပြထားပါသည်။
Schema::create('sessions', function($table)
{
$table->string('id')->unique();
$table->text('payload');
$table->integer('last_activity');
});
Table ကို အသုံးပြုထားသောကြောင့် session:table ဟူသည့် Artisan command ကို အသုံးပြုပြီး migration ပြုလုပ်နိုင်သည်။
php artisan session:table
composer dump-autoload
php artisan migrate
session "driver" မှ session data များ မည်သည့်နေရာတွင်း သိမ်းဆည်းမည်ကို သတ်မှတ်ထားသည်။ Laravel အနေဖြင့် အတော်လေးကောင်းမွန်သော driver အမျိုးအစားများကို ပံပိုးထားသည်။
file - sessions သည် app/storage/sessions တွင် သိမ်းဆည်းထားမည်။cookie - sessions သည် encrypted cookies အနေဖြင့် သိမ်းဆည်းထားမည် ဖြစ်သည်။database session သည့် application ၏ database ထဲတွင် သိမ်းဆည်းထားမည် ဖြစ်သည်။memcached / redis တို့ သည် မြန်ဆန်သွက်လက်သည့် cache based session engine များဖြစ်ကြသည်။array - sessions သည် PHP array အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး နောက်ထပ် request များအတွက် သိမ်းဆည်းထားနိုင်မည် မဟုတ်ပေ။မှတ်ချက်: array driver သည် unit tests အတွက် အသုံးပြုခြင်း ဖြစ်ပြီး တကယ့် session data အတွက် အသုံးပြုခြင်း မဟုတ်ပေ။