Laravel မှာပါတဲ့ Lang class ဟာ languages ဖိုင်တွေထဲမှာသတ်မှတ်ထားတဲ့ စကားစုတွေကို လွယ်ကူ အဆင်ပြေသော နည်းလမ်းတွေနဲ့ လက်ခံဆောင်ရွက်ပေးနိုင်ပါတယ်။ သင့် application အတွက် ဘာသာစကားမျိုးစုံကို လွယ်ကူစွာ အသုံးပြုနိုင်အောင်အထောက်အပံ့ပေးထားပါတယ်။
app/lang လမ်းကြောင်းအောက်မှာ ဘာသာစကား စကားစုတွေကို သိမ်းဆည်းပါတယ်။ အဲ့ဒီလမ်းကြောင်းအောက်မှာတော့ သတ်မှတ်ချင်တဲ့ ဘာသာစကားတစ်ခုချင်းစီအတွက် ဖိုဒါတစ်ခုချင်းစီ ဆောက်ပြီးအသုံးပြုရမှာပါ။
/app
/lang
/en
messages.php
/mm
messages.php
ဘာသာစကားသတ်မှတ်ထားတဲ့ ဖိုင်ဆီကနေ keyed strings တွေပါတဲ့ array return ပြန်လာပါတယ်။ ဥပမာ -
<?php
return array(
'welcome' => 'Welcome to our application'
);
Application ရဲ့ ပုံမှန် ဘာသာစကားကိုတော့ app/config/app.php configuration ဖိုင်ထဲမှာ သတ်မှတ်ထားပါတယ်။ ဘာသာစကားများ တစ်ခုနဲ့တစ်ခု ပြောင်းလဲ အသုံးပြုချင်ရင်တော့ App::setLocale method ကိုအသုံးပြုနိုင်ပါတယ်။
App::setLocale('mm');
"fallback language" အတွက်လည်း ပြင်ဆင်ထားနိုင်ပါတယ်။ "fallback language" ဆိုတာကတော့ လက်ရှိ သတ်မှတ်ထားတဲ့ ဘာသာစကား (language) ဖိုင်မှာ လိုအပ်နေတဲ့ စကားစု (language line) မပါလာတဲ့ အခြေအနေမျိုးမှာ အသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ပုံမှန်သတ်မှတ်နေကျအတိုင်းပဲ "fallback language" ကို app/config/app.php configuration ဖိုင်ထဲမှာသတ်မှတ်နိုင်ပါတယ်။
'fallback_locale' => 'en',
echo Lang::get('messages.welcome');
getmethod ထဲကို passed လုပ်ထားတဲ့ string နှစ်ခုထဲမှ ပထမတစ်ခုကတော့ ဘာသာစကား (language) သတ်မှတ်ထားတဲ့ ဖိုင်ရဲ့ အမည်ဖြစ်ပြီး၊ ဒုတိယ တစ်ခုကတော့ array ထဲမှာသတ်မှတ်ထား စကားစုတွေရဲ့ key ဖြစ်ပါတယ်။
သတိပြုရန်: အကယ်၍
getနဲ့ ယူထားတဲ့ key အတွက် စကားစုဟာ ရှိမနေဘူးဆိုရင်တော့ key တစ်ခုပဲ return ပြန်လာပါလိမ့်မယ်။
trans ဆိုတဲ့ helper function ကိုလည်း အသုံးပြုနိုင်ပါတယ်။ အဲ့ဒီ function ကတော့ Lang::get ဆိုတဲ့ method ကိုပဲ နာမည်ပြောင်းပြီးထပ်လုပ်ထားတာပါ။
echo trans('messages.welcome');
စကားစုတွေမှာ အစားထိုးဖို့ စကားလုံးတွေအတွက် place-holders လဲသတ်မှတ်နိုင်ပါသေးတယ်။
'welcome' => 'Welcome, :name',
ပြီးရင်တော့ Lang::get method ရဲ့ ဒုတိယ argument မှာ အစားထိုးချင်တဲ့ စကားလုံးကို passing ပေးလိုက်ပါ။
echo Lang::get('messages.welcome', array('name' => 'Dayle'));
if (Lang::has('messages.welcome'))
{
//
}
အများကိန်းပြုလုပ်ခြင်းကိစ္စ ဟာ နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ မတူညီတဲ့ languages တွေအတွက် မတူညီတဲ့ အများကိန်းပြုလုပ်နည်းတွေ ရှိပါတယ်။ Laravel မှာတော့ အများကိန်းပြုလုပ်ဖို့အတွက် "pipe" character ကို အနည်းကိန်းအတွက် ပြုလုပ်ထားတဲ့ စကားစုနဲ့ အများကိန်းအတွက်သတ်မှတ်မဲ့ စကားစုကြားမှာ ခံပြီးအသုံးပြုနိုင်ပါတယ်။ အများကိန်းပြုလုပ်တာကိုနားလည်ဖို့အတွက် အောက်ပါ ဥပမာကိုကြည့်ပါ။
'apples' => 'There is one apple|There are many apples',
စကားစုတွေကို ယူသုံးဖို့အတွက်တော့ Lang::choice mehtod ကိုအသုံးပြုနိုင်ပါတယ်။
echo Lang::choice('messages.apples', 10);
Local အတွက်သတ်မှတ်ထားတဲ့ စကားလုံးကိုလဲ သတ်မှတ်ပေးလိုက်နိုင်ပါတယ်။ ဥပမာ - Russian (ru) language ကိုအသုံးပြုချင်တယ်ဆိုရင် -
echo Lang::choice('товар|товара|товаров', $count, array(), 'ru');
Laravel translator ဟာ Symfony Translation component ကိုအသုံးပြုထားတဲ့အတွက်ကြောင့် သင့်အနေနဲ့ ပိုပြီး ရှင်းလင်းတိကျတဲ့ အများကိန်းပြုနည်း သတ်မှတ်ချက်ကို ပြုလုပ်နိုင်ပါတယ်။
'apples' => '{0} There are none|[1,19] There are some|[20,Inf] There are many',
Localization အတွက် အသုံးပြုနိုင်တဲ့ validation errors နဲ့ messages တွေကိုတော့ အသုံးပြုနည်း လမ်းညွှန်ရဲ့Validation မှာ ကြည့်နိုင်ပါတယ်။
Laravel နဲ့အတူ တွဲစပ်အသုံးပြုနိုင်တဲ့ packages တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ဘာသာစကားဖိုင်တွေတစ်ပါတည်းပါလာပါတယ်။ အဲ့ဒီဖိုင်တွေကို change ဖို့ packages တွေရဲ့ မူရင်းဖိုင်တွေကို သွားပြင်နေမဲ့အစား app/lang/packages/{locale}/{package} လမ်းကြောင်းအောက်ကနေတစ်ဆင့် override ပြုလုပ်နိုင်ပါတယ်။ ဥပမာ skyrim/hearthfire လို့ အမည်တွင်တဲ့ package အတွက် messages.php ဖိုင်ထဲမှာရှိတဲ့ English Language ကို override လုပ်ချင်တယ်ဆိုရင် app/lang/packages/en/hearthfire/messages.php ဖိုင်ကနေတစ်ဆင့် ပြုလုပ်နိုင်ပါတယ်။ Override လုပ်ဖို့လိုအပ်တဲ့ စကားစုတွေကိုပဲ အဲ့ဒီဖိုင်ထဲမှာသတ်မှတ်ထားဖို့လိုအပ်ပါတယ်။ ကျန်တဲ့စကားစုအားလုံးကိုတော့ package ရဲ့ language ဖိုင်ထဲက နေပဲ အလုပ်လုပ်သွားမှာဖြစ်ပါတယ်။