Laravel ရဲ့အသုံးဝင်တဲ့tool .... Composer, သူ့ရဲ့ depenedencies တွေကို Manage လုပ်ဖို့။ ပထမဆုံး composer.phar copy ကို download လုပ်လိုက်ပါ။ download လုပ်ပြီးသွားပြီဆိုရင် သင့်မှာ PHAR ဆိုတဲ့file လေးရှိသွားပါပြီ၊ အဲဒီ့ file ကိုသင့်ရဲ့local project မှာဒီတိုင်းထားချင်ရင်လည်းရပါတယ် တကယ်လို့သင်က usr/local/bin ထဲကိုရွှေ့ပြီးတော့သင့်ရဲ့ System အတွက် Global လုပ်မယ်ဆိုလည်းလုပ်နိုင်ပါတယ်။ Window မှာဆိုရင်တော့ Windows installer ကိုသုံးပြီး install လုပ်နိုင်ပါတယ်။
ပထမဆုံးLaravel installer PHAR archive ကို download လုပ်ပါ၊ install လုပ်ရာမှာလွယ်ကူအောင်လို့ file name ကို laravel လို့ပြောင်းလိုက်ပါ၊ ပြောင်းပြီးသွားရင်အဲ့ဒီ့ File ကို /usr/local/bin ထဲကိုရွှေ့လိုက်ပါ။ Laravel ကို Install လုပ်မယ်ဆိုရင် laravel new ဆိုပြီး command line ကနေ run လိုက်ရင် Laravel Framework တစ်ခုကိုကိုယ်ကြိုက်တဲ့နေရာမှာ Install လုပ်နိုင်ပါပြီ။ laravel new blog ဆိုပြီး command line ကနေ run လိုက်ရင် blog ဆိုတဲ့အမည်နဲ့ command line ကနေကိုယ် create လုပ်ချင်တဲ့နေရာမှာ Laravel Framework အသစ်တစ်ခုကို install လုပ်ပေးမှာဖြစ်ပါတယ်။ ဒီနည်းက composer ကနေ download လုပ်တာထက်ပိုမြန်ပါတယ်။
သင့်အနေနဲ့ Laravel ကို Composer ကနေတစ်ဆင့် create-project command သုံးပြီးတော့လည်း install လုပ်နိုင်ပါတယ်၊ terminal မှာ အောက်မှာရေးထားတဲ့ command ကို run ပြီးတော့လည်း install လုပ်နိုင်ပါတယ်
composer create-project laravel/laravel --prefer-dist
Composer ကို install လုပ်ပြီးသွားပြီဆိုရင် Laravel Framework latest version ကို download လုပ်လိုက်ပါ၊ သင့်ရဲ့ web server ထဲမှာ zip ကို extra လုပ်လိုက်ပါ၊ extra လုပ်ထားတဲ့ framework folder ထဲကို command line ကဝင်ပြီးတော့ php composer.phar install ဒါမှမဟုတ် (composer install) ဆိုပြီး run လိုက်ပါ။ ဒီ command က framework ရဲ့ dependencies တွေကို install လုပ်ခိုင်းလိုက်တာပါ။ ဒီ installation လုပ်တဲ့နေရာမှာ webserver မှာ git install လုပ်ထားမှ successfully complete ဖြစ်မှာပါ။
တကယ်လို့သင် Framework ကို update လုပ်ချင်တယ်ဆိုရင်php composer.phar update command ကို run ပေးရပါ့မယ်။
Laravel Framework မှာ system requirements တစ်ချို့ရှိပါတယ်။ ဘာတွေလည်းဆိုရင်
တို့ဘဲဖြစ်ပါတယ်။
PHP 5.5 မှာ တစ်ချို့ OS တွေက PHP JSON extension ကို manullly install လုပ်ပေးရပါတယ်။ တကယ်လို့ Ubuntu သုံးတယ်ဆိုရင် apt-get install php5-json ဆိုပြီး terminal ကနေ run လိုက်တာနဲ့အဆင်ပြေပါတယ်။
Laravel က configuration ဆိုတာမရှိသလောက်ပါဘဲ။ သင်စပြီး develop ဖို့ရာအဆင်သင့်ပါဘဲ။ဘယ်လိုဘဲပြောပြော သင့်အနေနဲ့ app/config/app.php file နဲ့သူ့ရဲ့ Documencation ကိုပြန်ကြည့်ချင်မှာပါဘဲ။ app/config/app.phpမှာဘာတွေပါသလဲဆိုရင်တော့ timezone နောက် localeတို့ပါပါတယ်၊သင့်ရဲ့ application နဲ့အဆင်ပြေတာတွေကို configure လုပ်နိုင်ပါတယ်။
Laravel ကိုတစ်ခါ Install လုပ်တိုင်း သင့်ရဲ့ local environmet ကို Configure ပြန်လုပ်သင့်ပါတယ်။ local machine မှာ develop လုပ်တဲ့အခါ erros ကိုမြင်ရမယ်။ မူလကတော့ error reporting က သင့်ရဲ့ development production မှာ disable လုပ်ထားပါတယ်။
မှတ်ချက်:
app.debugကို production မှာဘယ်တော့မှ true မပေးသင့်ပါဘူး။ဘယ်တော့မှ မလုပ်ပါနဲ့။
Laravel က app/storage ကို web server အတွက် permission write ပေးရပါမယ်။
Framework ရဲ့ လမ်းကြောင်းတွေကပြောင်းလဲနိုင်ပါတယ်၊ ဒီ location တွေကိုပြောင်းချင်တယ်ဆိုရင် bootstrap/paths.php မှာကြည့်ရှူပြောင်းလည်းနိုင်ပါတယ်။
Framework ထဲက public/.htaccess ကို URL မှာ index.php မပါအောင်ဖျောက်ထားပေးမှာဖြစ်ပါတယ်။ တကယ်လို့သင့် ရဲ့ Laravel application က Apache ကိုသုံးတယ်ဆိုရင် mod_rewrite ကို enable လုပ်ဖို့မမေ့ပါနဲ့ဦး။
တကယ်လို့ .htaccessfile က သင့် Application မှာအလုပ်မလုပ်ဘူးဆိုရင် အောက်ကတစ်ခုကိုစမ်းကြည့်လိုက်ပါ:
Options +FollowSymLinks
RewriteEngine On
RewriteCond %{REQUEST_FILENAME} !-d
RewriteCond %{REQUEST_FILENAME} !-f
RewriteRule ^ index.php [L]
Nginx မှာဆိုရင်အောက်ကညွှန်ကြားချက်ကို လိုက်လုပ်လိုက်တာနဲ့URL လှလှလေးတွေရပါတယ်
location / {
try_files $uri $uri/ /index.php?$query_string;
}