Facades (ဖဆော့စ် ဟုအသံထွက်ပါ) က Application ရဲ့ IoC container ထဲမှာရှိတဲ့ Class တွေကို static ပုံစံမျိုးသုံးနိုင်အောင် လုပ်ပေးပါတယ်။ Laravel မှာလဲ Facades တွေအများကြီးပါဝင်ပြီးတော့ အဲဒီ Facade တွေကိုလည်း သုံးဖူးပါလိမ့်မယ်။ သင်သုံးဖူးပေမယ့်လည်း သုံးဖူးမှန်းမသိဖြစ်နေတက်ပါတယ်။ Laravel "facades" တွေက Static Proxy တွေအနေနဲ့ ကူညီပေးပါတယ်။ ၄င်းက သာမာန် Static method တွေမဟုတ်ဘဲ ၊ ဖတ်/မှတ်လို့ကောင်းပြီး ပိုပြီးတိုတောင်းတဲ့ Syntax ပုံစံတွေဖြစ်စေတဲ့အပြင် Test လုပ်လို့အဆင်ပြေပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်စေပါတယ်။
အခါအားလျောက်စွာ သင့် Application နဲ့ Package တွေ အတွက် သင့်ကိုယ်ပိုင် Facades တွေတည်ဆောက်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီ Class တွေရဲ့ အသုံးပြုပုံတွေ နဲ့ အယူအစတွေကို မွှေနှောက်ကြည့်ကြရအောင်။
မှတ်ချက်: Facades ကိုမလေ့လာခင် ၊ Laravel ရဲ့ IoC container နဲ့သေချာရင်းနှီးနေဖို့ အကြံပြုချင်ပါတယ်။
Facade ဆိုတာ Class တစ်ခုဖြစ်ပြီး Container ထဲက Object ကို ခေါ်အသုံးပြုခွင့်ပေးပါတယ်။ ဒီလိုခေါ်သုံးနိုင်တာ Facade class ကြောင့်ဖြစ်ပါတယ်။ Laravel ရဲ့ Facade တွေ နဲ့ သင်ကိုယ်ပိုင်ဆောက်ထားတဲ့ Facade တွေအားလုံးဟာ Facade class ကို Extend ပြုလုပ်ရပါတယ်။
သင့်ကိုယ်ပိုင် Facade class ဆောက်တော့မယ်ဆိုရင် getFacadeAccessor ဆိုတဲ့ method ကိုပဲ implement လုပ်ဖို့လိုပါမယ်။ getFacadeAccessor က Container ထဲကနေ ဘယ်ဟာကိုသုံးရမယ်လို့ ဆုံးဖြတ်ပေးပါတယ်။ သင့်ကိုယ်ပိုင် Facade ကနေ Resolved လုပ်ပြီးသား object ထဲကိုရွှေ့ပြောင်းဖို့အတွက် အခြေခံ Facade class မှာတော့ __callStatic() ဆိုတဲ့ magic-method ကိုသုံးထားပါတယ်။
ဒါ့ကြောင့် သင့်အနေနဲ့ Cache::get လိုမျိုး Facade တစ်ခုကို ခေါ်မယ်ဆိုရင် Laravel က Cache manager class ကို IoC container ထဲကနေဆွဲထုတ်ပြီး သူထဲက get method ကိုခေါ်ပေးပါတယ်။ နည်းပညာအခေါ်အဝေါ်အရဆိုရင်တော Laravel Facades တွေဆိုတာ Ioc container တွေကို service locator တစ်ခုအနေနဲ့အသုံးပြုနိုင်တဲ့ ရေး/ဖတ်/မှတ်ရလွယ်ကူသော syntax ဖြစ်ပါတယ်။
အောက်ကအတိုင်းဆိုရင် ၊ Laravel cache system ကို ခေါ်တာပါ။ သာမာန်အပေါ်ယံအတိုင်း ကြည့်လိုက်မယ်ဆိုရင်တော့ Cache class ထဲက get ဆိုတဲ့ static method တစ်ခုကို ခေါ်လိုက်တယ်လို့ထင်ရပါတယ်။
$value = Cache::get('key');
ဒါပေမယ့် Illuminate\Support\Facades\Cache class ကိုကြည့်လိုက်မယ်ဆိုရင် get ဆိုတဲ့ static method လုံးဝမရှိပါဘူး
class Cache extends Facade {
/**
* Get the registered name of the component.
*
* @return string
*/
protected static function getFacadeAccessor() { return 'cache'; }
}
Cache class က Facade class ကို extend လုပ်ထားပြီး getFacadeAccessor() ဆိုတာပဲရှိပါတယ်။ အဲဒီ Method ရဲ့တာဝန်က IoC နာမည်ကို return လုပ်ပေးယုံပါပဲ။
User က Cache facade ထဲက ဘယ် static method ကိုမဆို သုံးလိုက်မယ်ဆိုတာနဲ့ ၊ Laravel က IoC container ထဲကနေ cache ကိုခေါ်ပြီး ၊ ကိုယ်လိုချင်တဲ့ method (အခုအတိုင်းဆို get) ကို run ပေးပါတယ်။
ဒါ့ကြောင့် ၊ ကျွန်တော်တို့သုံးထားတဲ့ Cache::get ရဲ့ နောက်ကွယ်မှာက အောက်ကအတိုင်းရှိနေပါမယ်။
$value = $app->make('cache')->get('key');
Creating a facade for your own application or package is simple. You only need 3 things: ကိုယ့် application (ဒါမှမဟုတ်) package အတွက် ကိုယ်ပိုင် facade ဆောက်ရတာလွယ်ကူပါတယ်။ အဆင့် ၃ ဆင့်ပဲလိုပါတယ် :
ဥပမာတစ်ခုလောက် ကြည့်ကြပါမယ်။ ကျွန်တော်တို့မှာ PaymentGateway\Payment ဆိုတဲ့ class တစ်ခုရှိမယ်ဆိုကြပါစို့
namespace PaymentGateway;
class Payment {
public function process()
{
//
}
}
ဒီ class က app/models directory ထဲမှာဖြစ်ဖြစ် (ဒါမှမဟုတ်) တစ်ခြား Composer က auto-load ပြုလုပ်နိုင်တဲ့ မည်သည့်နေရာတွင်မဆို တည်ရှိနိုင်ပါတယ်။
IoC container ထဲအဲဒီ class ကို ထည့်ပေးဖို့အတွက် bind လုပ်ဖို့လိုပါမယ်။
App::bind('payment', function()
{
return new \PaymentGateway\Payment;
});
ဒီ bind လုပ်ထားတာကို Register လုပ်ဖို့အတွက် အကောင်းဆုံးနည်းကတော့ PaymentServiceProvider ဆိုပြီး service provider တစ်ခုဆောက်ပြီးတော့ အပေါ်က bind လုပ်ထားတာကို register ဆိုတဲ့ method ထဲ ထည့်ပေးလိုက်တာပါ။ အခုဆောက်ထားတဲ့ Service Provider ကို Laravel က load လုပ်ဖို့ဆိုရင်တော့ app/config/app.php ထဲမှာ သတ်မှတ်ပေးဖို့လိုပါမယ်။
Next, we can create our own facade class: နောက်တစ်ဆင့်မှာတော့ ကိုယ်ပိုင် facade class ဆောက်နိုင်ပါပြီ -
use Illuminate\Support\Facades\Facade;
class Payment extends Facade {
protected static function getFacadeAccessor() { return 'payment'; }
}
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ Facade ကို Alia (Shortcut) အနေနဲ့ခေါ်သုံးချင်တယ်ဆိုရင်တော့ app/config/app.php ထဲက aliases array ထဲမှာ သတ်မှတ်ပေးရပါမယ်။ အခုဆိုရင်တော့ Payment class ရဲ့ process method ကို အောက်ကအတိုင်း လွယ်လွယ်ကူကူပဲ ခေါ်နိုင်ပါပြီ-
Payment::process();
PHP က type hint မသက်မှတ်ပေးထားတဲ့ class တွေကို autload လုပ်ပေးမှာမဟုတ်တဲ့အတွက် Aliases array ထဲမှာ ရှိတဲ့ Class တွေကို တစ်ချို့သော instance တွေမှာ သုံးလို့မရပါဘူး။ \ServiceWrapper\ApiTimeoutException ကို ApiTimeoutException လို့ Alia လုပ်ထားလိုက်မယ်ဆိုရင် \ServiceWrapper namespace ရဲ့အပြင်ဖက်မှာ catch(ApiTimeoutException $e) လို့ခေါ်မယ်ဆိုရင် thrown လုပ်လိုက်ပေမယ့် ဘယ်တော့မှ catch လုပ်လို့မရပါဘူး။ ဒီလိုပြဿနာမျိုးကိုပဲ Model တွေမှာလဲ ကြုံတွေ့နိုင်ပါတယ်။ တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ Alias တွေမသတ်မှတ်ဘဲ file ရဲ့အပေါ်ဆုံးမှာ use ဆိုပြီးသတ်မှတ်ပြီးသုံးတာပါပဲ။
Facade တွေ အဓိကရှိနေရခြင်းရဲ့အကြောင်းရင်းကတော့ Test လွယ်လွယ်ကူကူလုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ Mock လုပ်တဲ့အပိုင်းကိုတော့ mocking facades မှာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။
အောက်ကဇယားမှာတော့ ရှိသမျှ Facade တွေနဲ့ သူရဲ့နောက်ကွယ်က class တွေကို ဖော်ပြပေးထားပါတယ်။ API Documentation ထဲကို သက်ဆိုင်ရာ နေရာလိုက်လဲ ချိတ်ပေးထားပါတယ်။ IoC binding key ရှိတဲ့ Facade တွေကိုလဲ သူ့ key တွေရေးပေးထားပါတယ်။