Migration မှာ Database အတွက် Version Control ပြုလုပ်နိုင်ရန် ဖန်တီးထားသည်။ ၄င်းကို အသုံးပြုခြင်းဖြင့် database schema များကို အလွယ်တကူ ပြင်ဆင်နိုင်ပြီး team တစ်ခုလုံး တူညီသည့် database schema ကို အသုံးပြုနိုင်ရန် ပံပိုးထားသည်။ Migrations မှာ ပှံမှန်အားဖြင့် Schema Builder ဖြင့် တွဲဖက် အသုံးပြုကြသည်။
migration တစ်ခု ဖန်တီးနိုင်ရန် Artisan CLI တွင် migrate:make
ဟူသည် command ကို အသုံးပြုနိုင်သည်။
php artisan migrate:make create_users_table
Migration file များသည် app/database/migrations
ဆိုသည့် folder တွင်တည်ရှိမည် ဖြစ်ပြီး Migrations များကို အစဉ်အတိုင်း စီရီထားမည့် timestamp ဖြင့် သတ်မှတ်ထားမည် ဖြစ်သည်။
Migration တစ်ခု ဖန်တီးနေစဉ် --path
ဟု attribute ကို အသုံးပြုနိုင်သည်။ အဆိုပါ path မှာ သင် install လုပ်ထားသော root directory မှ အလိုအလျောက် သိရှိမည် ဖြစ်ပါသည်။
php artisan migrate:make foo --path=app/migrations
--table
နှင့် --create
options များကို အသုံးပြု၍ table အမည်ကို သတ်မှတ်ခြင်း ၊ table အသစ်ကို ဖန်တီးခြင်း များ ပြုလုပ်နိုင်ပါမည်။
php artisan migrate:make add_votes_to_user_table --table=users
php artisan migrate:make create_users_table --create=users
php artisan migrate
php artisan migrate --path=app/foo/migrations
php artisan migrate --package=vendor/package
သတိပြုရန်: migrations run နေစဉ် "class not found" ဟု error တွေ့ ရှိပါက
composer dump-autoload
ဆိုသည့် command ကို run ကြည့်ပါ။
အချို့ သော migration operations များမှာ အန္တာရယ်များလှပေသည်။ တနည်းအားဖြင့် သင့်၏ အချက်အလက်များကို စက္ကန့် ပိုင်းအတွင် ဆုံးရှုံးသွားစေနိုင်သည်။ အဆိုပါ အန္တာရယ်မှ ကာကွယ်နိုင်ရန် production အခြေအနေတွင် migration ပြုလုပ်ရန် confirmation တောင်းခံပါသည်။ ထိုတောင်းခံမှုကို ကျော်လွှားလိုပါက --force
flag ကို အသုံးပြုနိုင်သည်။
php artisan migrate --force
php artisan migrate:rollback
php artisan migrate:reset
php artisan migrate:refresh
php artisan migrate:refresh --seed
Laravel အနေဖြင့် database ကို အလွယ်တကူ seed ပြုလုပ်နိုင်ရင် seed classes များပါရှိပါသည်။ Seed class များမှာ app/database/seeds
တွင်တည်ရှိမည် ဖြစ်သည်။ Seed class များကို အလိုရှိသလို အမည်ပေးနိုင်သော်လည်း အဓိပ္ပါယ်ရှိသော နာမည်မျိုး ဥပမာ UserTableSeeder
စသဖြင့်သာ ပေးသင့်သည်။ ပုံမှန်အားဖြင့် DatabaseSeeder
class မှာ ဖန်တီးပေးထားသည်။ ထို class မှ သင့်အနေဖြင့် call
method ကို အသုံးပြုကာ
အစီအစဉ်အလိုက် အခြားသော seed classes များကို run နိုင်သည်။
class DatabaseSeeder extends Seeder {
public function run()
{
$this->call('UserTableSeeder');
$this->command->info('User table seeded!');
}
}
class UserTableSeeder extends Seeder {
public function run()
{
DB::table('users')->delete();
User::create(array('email' => '[email protected]'));
}
}
Database ကို seed ပြုလုပ်ရန် Artisan CLI မှ db:seed
command ကို အသုံးပြုနိုင်သည်။
php artisan db:seed
ပုံမှန်အားဖြင့် db:seed
command မှာ DatabaseSeeder
class ကို run မည်ဖြစ်ပြီး ထိုမှတဆင့် အခြား seed class များကို ခေါ်ယူမည် ဖြစ်သည်။ သို့ ပင်သော်ညား --class
option ကို အသုံးပြုကာ သီးသန့်  seeder class တစ်ခုချင်းစီလည်း run နိုင်ပါသေးသည်။
php artisan db:seed --class=UserTableSeeder
ထိုအပြင် migrate:refresh
ကိုအသုံးပြုကာ, rollback ပြုလုပ်ပြီး migrations ကို အစမှ တဖန်ပြန်၍ run ခြင်းကိုလည်း ပြုလုပ်နိုင်မည် ဖြစ်သည်။
php artisan migrate:refresh --seed